Arao အထည်ချုပ်စက်ရုံအလုပ်သမား ၃၀၀၀ကျော် ဆန္ဒပြတောင်းဆို

Arao အထည်ချုပ်စက်ရုံအလုပ်သမား ၃၀၀၀ကျော် ဆန္ဒပြတောင်းဆို
Published 19 February 2021

Arao အထည်ချုပ်စက်ရုံအလုပ်သမား ၃၀၀၀ကျော် လူထုဆန္ဒပြလှုပ်ရှားမှုများတွင်ပါဝင်ရန် လစာမဲ့ခွင့်ညှိနှိုင်းရာ အဆင်မပြေသဖြင့် ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား

ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစု စက်မှုဇုန်ဝန်းရှိ Arao အထည်ချုပ်စက်ရုံမှ အလုပ်သမား၃၀၀၀ကျော်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ဖို့အတွက် လစာမဲ့ခွင့် ညှိနှိုင်းရာ အဆင်မပြေသဖြင့် စက်ရုံရှေ့မှာ အလုပ်သမား ထောင်ချီ၍ ဖေဖော်ဝါရီ ၁၉ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။