နေပြည်တော် အချုပ်ထောင်ရှေ့တွင် ပြည်သူအင်အားထောင်ချီ ဆန္ဒထုတ်ဖော်ပြီးနောက် ဖမ်းဆီးခံထားရသူများ အနက် ကျောင်းသားအချို့ ပြန်လွှတ်ပေး

နေပြည်တော် အချုပ်ထောင်ရှေ့တွင် ပြည်သူအင်အားထောင်ချီ ဆန္ဒထုတ်ဖော်ပြီးနောက် ဖမ်းဆီးခံထားရသူများ အနက် ကျောင်းသားအချို့ ပြန်လွှတ်ပေး
Published 15 February 2021

နေပြည်တော်မှာ ဆန္ဒပြမှုပြုလုပ်ခဲ့တဲ့ ကျောင်းသား ၃၀ ဦး ခန့် နဲ့ CDM ပြုလုပ်တဲ့ ဝန်ထမ်းအချို့ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး နေပြည်တော်အချုပ်ထောင်ကို ပေးပို့ထားတဲ့အတွက် ပြည်သူအင်အားထောင်ချီခန့် နေပြည်တော်အချုပ်ထောင်ရှေ့မှာ ဆန္ဒထုတ်ဖော်လျှက်ရှိတယ်လို့ သိရပါတယ်။