ချောင်းသာမြို့ မဲရုံတစ်ရုံတွင် မဲရုံမှူးတာဝန်ယူခဲ့သူ ဆရာမတစ်ဦးအား ပြည်ခိုင်ဖြိုးပါတီ မှ တရားစွဲဆိုထားမှု တရားရုံးတွင် စတင်ရင်ဆိုင်

ချောင်းသာမြို့ မဲရုံတစ်ရုံတွင် မဲရုံမှူးတာဝန်ယူခဲ့သူ ဆရာမတစ်ဦးအား ပြည်ခိုင်ဖြိုးပါတီ မှ တရားစွဲဆိုထားမှု တရားရုံးတွင် စတင်ရင်ဆိုင်
Published 19 January 2021

 ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အမှတ် (၂) ရပ်ကွက်၊ မဲရုံအမှတ် (၂) မှာ မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမ တစ်ဦးကို မဲရုံမှူး လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ကိုယ်စားမဲပေးမှုကိုခွင့်ပြုခဲ့တယ်လို့ဆိုကာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီက တရားစွဲဆိုထားမှုကို ဇန်နဝါရီလ ၁၈ ရက်နေ့က ပုသိမ်မြို့နယ်တရားရုံးမှာ စတင်တရားရင်ဆိုင်ခဲ့ပါတယ်။