ဇန်နဝါရီလတွင် မန္တလေးခရိုင်အတွင်း ပိုးတွေ့လူနာသစ် ၁၀၀ အောက် လျော့လာသော်လည်းသေဆုံးမှု တစ်ရက် ပျမ်းမျှ ၅ ဦးခန့် ရှိနေ
အခုဇန်နဝါရီလမှာမန္တလေးခရိုင်အတွင်းနေ့စဉ် Covid-19ပိုးတွေ့လူနာသစ်ဦးရေ၁၀၀အောက်အထိလျော့ကျလာပေမယ့် တစ်ရက်ကိုသေဆုံးသူပျမ်းမျှ၅ဦးခန့်ရှိနေတာကြောင့် ခရိုင်အတွင်းသေဆုံးသူဦးရေ၃၀၀ကျော်အထိရှိလာတယ်လို့ တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီကထုတ်ပြန်တဲ့ အချက်အလက်တွေအရသိရပါတယ်။