စစ်ကိုင်းတိုင်းရှိ ကျေးရွာပေါင်း ၁၈၁ ရွာ ရေရရှိရေးအတွက် ကျပ်သန်းပေါင်း ၃၃၂၇ သန်းကုန်ကျခံကာ ဆောင်ရွက်သွားမည်
ကနီမြို့နယ်၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာမြို့နယ်၊ အရာတော်မြို့နယ် စတဲ့ မြို့နယ် ပေါင်း ၃၇ မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၁၈၁ ရွာ ရေရရှိရေး ကျပ်သန်းပေါင်း ၃၃၂၇ သန်း ကုန်ကျခံကာ ဆောင်ရွက်သွားမယ် လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးက တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုး က ပြောပါတယ်။