မော်လမြိုင်မြို့နယ်အတွင်း Local Transmission မှတဆင့် ကူးစက်မှုများပြားနေသည့်အတွက် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေ
ဇန်နဝါရီလ (၁) ရက်မှ (၁၄) ရက်ထိ မော်လမြိုင်မြို့နယ်အတွင်း Covid – 19 ကူးစက်ခံရသူ လူနာ (၃၇၁) ဦးအထိရှိနေပြီး Local Transmission မှတဆင့် ကူးစက်မှုများပြားနေတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolation Ward (3) တာဝန်ခံဆရာဝန် ဒေါက်တာသက်ကျော်စိုး က ပြောကြားပါတယ်။