မန္တလေးတွင် အားဖြည့်အချိုရည်နှင့် ကော်ဖီအတုများပြုလုပ်ဖြန့်ဖြူးရောင်းနေသည့်နေရာသို့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆက်စပ်ပစ္စည်း များပါ သိမ်းဆည်းရမိ
မန္တလေးမြို့မှာ M-150 အချိုရည်နဲ့ Birdy ကော်ဖီအတုတွေ ပြုလုပ်ဖြန့်ဖြူးရောင်းနေတဲ့နေရာကို ဇန်နဝါရီလ ၁၄ ရက်နေ့ ညက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဆက်စပ်ပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ထံက သတင်းရရှိပါတယ်။