အင်္ဂလန်တွင်တွေ့ရှိသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်အမျိုးအစားကို မြန်မာနိုင်ငံတွင် မတွေ့ရှိရသေးသော်လည်း ဂရုစိုက်ရန်လိုဟု တိုင်းကျန်းမာရေး သတိပေး (ရုပ်သံ)
အင်္ဂလန်မှာ တွေ့ရှိတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်အမျိုးအစားကို မြန်မာနိုင်ငံမှာ မတွေ့ရှိရသေးပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာဖြစ်နေတဲ့အတွက် ပြည်သူတွေ ဂရုစိုက်ဖို့လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားပါတယ်။