ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အပိုဒ် ၂၅ ကို ကျင့်သုံး၍ ထရန့်ကို ရာထူးမှဖယ်ရှားမည့် အစီအစဉ်ကို ဒုသမ္မတ မိုက်ပန့်စ် ပယ်ချ
အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အပိုဒ် ၂၅ ကို ကျင့်သုံးပြီး သမ္မတဒေါ်နယ်ထရန့်ကို ရာထူးကနေ ဖယ်ရှားဖို့ အောက်လွှတ်တော် ဒီမိုကရက်တွေရဲ့ တောင်းဆိုမှုကို ဒုသမ္မတ မိုက်ပန့်စ်က ပယ်ချလိုက်ပါတယ်။