ဇန်နဝါရီ ၉ ရက်နေ့က ဂျာကာတာမြို့အနီးက ပင်လယ်ပြင်ထဲကို ပျက်ကျသွားခဲ့တဲ့ အင်ဒိုနီးရှား Sriwijaya Air (ဆရီဝီဂျာယာ အဲ) လေကြောင်းလိုင်းပိုင် လေယာဉ်ရဲ့ ဒုတိယမြောက် ဘလက်ဘောက်စ်ဖြစ်တဲ့ လေယာဉ်မောင်းခန်း အသံဖမ်းစက်ကို ရှာတွေ့ဖို့ နီးစပ်နေပြီလို့ အင်ဒိုနီးရှား ရေငုပ်သမားတွေက ပြောပါတယ်။