ရေးမြို့နယ်ရှိ ဓနိကြာကျေးရွာတွင် ကုမ္ပဏီတစ်ခုမှ ကျောက်မိုင်းပြုလုပ်ရန်ဟုဆိုကာ မြေယာများလိုက်လံဝယ်ယူနေမှုအပေါ် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ မန်ကျည်းကျေးရွာအုပ်စု တောင်ဘက်စွန်းရှိ ဓနိကြာကျေးရွာအတွင်းမှာ ကုမ္ပဏီတစ်ခုမှ ကျောက်မိုင်းပြုလုပ်ဖို့အတွက်လို့ဆိုပြီး မြေယာတွေလိုက်လံဝယ်ယူနေမှုအပေါ် စိုးရိမ်ပူပန်မှုတွေဖြစ်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။