တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံသို့ပြန်ဝင်လာသူများတွင် COVID-19 ရောဂါပိုးတွေ့ရှိမှုကြောင့် ရွှေလီ ကျယ်ဂေါင် နှင့်မန်စီ မြို့ များအား အသွားအလာကန့်သတ်ပြီး ရောဂါပိုးစစ်ဆေးနေ
တရုတ်နိုင်ငံ မှ အလုပ်လုပ်ပြီး မြန်မာနိုင်ငံထဲသို့ မိမိဆန္ဒအလျောက် ပြန်ဝင်လာသူ မြန်မာနိုင်ငံသားများထဲမှ ဇန်နဝါရီလ ၁၁ ရက်နေ့က Covid-19 ရောဂါပိုးတွေ့ရှိခဲ့မှုကြောင့် တရုတ်နိုင်ငံ ယူနန်အစိုးရက ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရွှေလီ ကျယ်ဂေါင် မန်စီ မြို့၃ မြို့တို့မှာ တစ်မြို့နှင့် တစ်မြို့ အသွားအလာကန့်သတ်မှုများပြုလုပ်ပြီး မြန်မာနိုင်ငံသားများအပါအဝင် ၎င်းတို့၏ နိုင်ငံသားများအား Covid-19ရောဂါပိုးစစ်ဆေးပေးလျက်ရှိကြောင်းသိရပါတယ်။