တရုတ်တွင် မြို့လေးမြို့ကို lockdown ချပြီး ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများကို အရှိန်မြှင့် လုပ်ဆောင်နေသော်လည်း ရောဂါကူးစက်နှုန်း မြင့်တက်နေ
တရုတ်နိုင်ငံမှာ မြို့လေးမြို့ကို lockdown ချထားပြီး ဆေးစစ်မှုတွေ တိုးမြှင့်ကာ နောက်ထပ် ကူးစက်မှုလှိုင်းကို ကာကွယ်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေပေမယ့်လည်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ငါးလကျော်အတွင်း အများဆုံး တိုးလာခဲ့တယ်လို့ သိရပါတယ်။