စစ်ကိုင်းတိုင်းတွင်၂၀၂၀ အတွင်း မီးလောင်မှု နှစ်ရာကျော်ရှိခဲ့ပြီး ကျပ်သန်းပေါင်း ၇၀၀ကျော်ဆုံးရှုံးခဲ့
စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ မီးလောင်မှု နှစ်ရာကျော်အထိရှိခဲ့ပြီး ကျပ် သန်းပေါင်း ၇၅၅ ဒသမ ၅၀ သန်းအထိ ဆုံးရှုံးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနရုံး ဒုတိယညွှန်ကြားရေးမှူး (ဒုတိယတိုင်းမီးသတ်ဦးစီးမှူး) ဦးကျော်ကျော်နိုင်က ပြောပါတယ်။