ချင်းပြည်နယ် ဖလမ်းမြို့တွင် အပူပေးစက်မှ တစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၆ လုံး ဆုံးရှုံးခဲ့ရပြီး အမျိုးသမီး ၂ ဦး သေဆုံး
ဖလမ်းမြို့ မြို့လယ်ခေါင် ဖာရ်ထောက် ရပ်ကွက် ၊ ထီးရိပ်လမ်းဆုံ အနီးမှာ ဇန်နဝါရီလ ၁၂ ရက် မနက် ၄ နာရီ ၁၀ မိနစ်ခန့် က မီးလောင်ကျွမ်းမှု ကြောင့် နေ အိမ် ၆ လုံး မီးလောင်ကျွမ်းခဲ့ ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။