မြန်မာ-တရုတ် ပြည်ဝင်ပြည်ထွက် မန့်ဝိန်းဂိတ်၊ ကျင်းဆန်းကျော့ဂိတ်တို့တွင် မြန်မာနိုင်ငံသား အစားထိုး ယာဉ်မောင်းများကို တရုတ်မှ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးပေး
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေး မန့်ဝိန်းဂိတ်နဲ့ ကျင်းဆန်း ကျော့ဂိတ်တို့မှာ တရုတ်နိုင်ငံက သတ်မှတ်ပေးထားတဲ့ မြန်မာနိုင်ငံသား အစားထိုးယာဉ်မောင်းသူတွေကို ဇန်နဝါရီလ ၁၁ ရက် နံနက် ၆ နာရီအချိန်ခန့်က စတင်ကာ တရုတ်နိုင်ငံက ဒုတိယအကြိမ်အဖြစ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။