တတိယအကြိမ် လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးတွင် သမ္မတနှင့် ဒု-သမ္မတများ ရွေးချယ်တင်မြှောက်ခြင်း အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းများ ဆောင်ရွက်မည်
တတိယအကြိမ် လွှတ်တော်အသီးသီးရဲ့ ပထမပုံမှန် အစည်းအဝေးမှာ သမ္မတနဲ့ ဒု-သမ္မတတွေကို ရွေးချယ်တင်မြှောက်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေကို ခန့်အပ်တာဝန်ပေးခြင်းတို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ပြောကြားခဲ့ပါတယ်။