လုပ်ငန်းခွင်ဖိနှိပ်မှုများကို မကျေနပ်ဟုဆိုကာ ရွှေပြည်သာမြို့နယ် Supreme Asia အထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၀၀ခန့်က စက်ရုံရှေ့၌ ဆန္ဒထုတ်ဖော်
ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၁)ရှိ Supreme Asia အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဖိနှိပ်မှုတွေကို မကျေနပ်တဲ့အတွက် ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက အလုပ်သမား ၃၀၀ခန့်ဟာ စက်ရုံရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။