ဖားကန့်မြို့၌ ပုဂ္ဂလိကပိုင် ဟိုတယ်စီမံကိန်းဖော်ဆောင်နေသည့် မြေနေရာပိုင်ဆိုင်မှု အငြင်းပွားပြဿနာရှိသဖြင့် အမြန်ဖြေရှင်းပေးရေး အမျိုးသမီးသုံးဦး ဆန္ဒပြ

ဖားကန့်မြို့၌ ပုဂ္ဂလိကပိုင် ဟိုတယ်စီမံကိန်းဖော်ဆောင်နေသည့် မြေနေရာပိုင်ဆိုင်မှု အငြင်းပွားပြဿနာရှိသဖြင့် အမြန်ဖြေရှင်းပေးရေး အမျိုးသမီးသုံးဦး ဆန္ဒပြ
Published 9 January 2021

ကချင်ပြည်နယ် ၊ ဖားကန့်မြို့အတွင်းရှိပြေလည်မှုမရှိသေးတဲ့ ဘိုးဘွားပိုင်မြေယာပေါ်မှာ ဟိုတယ်စီမံကိန်းဖော်ဆောင်နေတယ်လို့ ဆိုပြီးမြေယာ အငြင်းပွားမှု ပြဿနာအမြန်ဖြေရှင်းပေးဖို့အတွက် ဘိုးဘွားပိုင်မြေရှင်လို့ ဆိုတဲ့ အမျိုးသမီးသုံးဦးက ဒီကနေ့ ဇန်နဝါရီ ၉ရက်နံနက် (၉) နာရီခွဲအချိန်ကစပြီး (၁၁)နာရီခွဲ အချိန်ထိ မြို့တွင်းဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။