ကျောင်းများ မည်သည့်အချိန် ပြန်ဖွင့်မည်ဆိုသော ဆုံးဖြတ်ချက်မထွက်သေးကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
ကျောင်းတွေ ပြန်ဖွင့်ဖို့အတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဆုံးဖြတ် မှာဖြစ်ပြီး မည်သည့်အချိန်ပြန်ဖွင့်မည်ဆိုတဲ့ ဆုံးဖြတ်ချက်မထွက်သေးကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက ပြောပါတယ်။