စစ်အတွင်း အတင်းအကြပ်စေခိုင်းခံခဲ့ရသော အမျိုးသမီးများကိုနစ်နာကြေးပေးရန် တောင်ကိုရီးယားတရားရုံး၏ ဆုံးဖြတ်ချက်ကို ဂျပန်လက်မခံ
စစ်အတွင်း ဂျပန်ဇိမ်ခန်းတွေမှာ အတင်းအကြပ်စေခိုင်းခံခဲ့ရတဲ့အမျိုးသမီးတွေကို နစ်နာကြေးပေးဖို့ တောင်ကိုရီးယားတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ဂျပန်အစိုးရအဖွဲ့ရဲ့ အဓိကပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၈ ရက် နေ့မှာ ပြောကြားခဲ့ပါတယ်။