ဆောင်းခိုငှက်များလာရောက်လေ့ရှိသော တောင်သမန်အင်းနှင့် ပလိပ်အင်းတွင် ရေမြေအနေထား ပြောင်းလဲမှုဖြစ်ပေါ်ခြင်းများက သဘာဝဝန်းကျင်ပျက်စီးမှုအတွက် သတိပြုစရာဖြစ်လာ
ဆောင်းခိုငှက်များ အဓိကလာရောက်ကျက်စားတဲ့ တောင်သမန်အင်းနှင့် ပလိပ်အင်းမှာ တစ်နှစ်ထက်တစ်နှစ် ရေမြေအနေထား ပြောင်းလဲမူများပြားလာခြင်းက ဆောင်းခိုငှက်ဝင်ရောက်မူအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် သတိပြုစရာ ဖြစ်လာကြောင်း ငှက်စောင့်ကြည့်လေ့လာသူတွေနဲ့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေရဲ့ သုံးသပ်ချက်အရ သိရပါတယ်။