ဘေးထွက်ဆိုးကျိုးပြင်းပြင်းထန်ထန်ပြသူများ ကိုဗစ်ကာကွယ်ဆေးဒုတိယအကြိမ်မထိုးဖို့ အမေရိကန် CDC သတိပေး
ဖိုင်ဇာနဲ့မိုဒါးနား ဆေးကုမ္ပဏီတွေကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူတွေမှာ ဓာတ်မတည့်မှုတွေ ပြလာတဲ့အပေါ် သေချာစောင့်ကြည့်နေတယ်လို့ အမေရိကန်ကူးစက်ရောဂါထိန်းချုပ်တားဆီးရေးစင်တာ CDC က ထုတ်ပြန်လိုက်ပြီး ဓာတ်မတည့်မှုဆိုးဆိုးဝါးဝါး ပြသူတွေအနေနဲ့ ကာကွယ်ဆေးဒုတိယအကြိမ် ထပ်မထိုးကြဖို့ CDC က သတိပေးထားပါတယ်။