COVID-19 လူနာများဆက်တိုက်တွေ့ရှိနေသဖြင့် မော်လမြိုင်မြို့ရှိ ကျောက်မီးသွေးရုံ သားငါးဈေးအား ယာယီပိတ်
COVID-19 အတည်ပြုလူနာ ဆက်တိုက်တွေ့ရှိနေတဲ့အတွက် မော်လမြိုင်မြို့ရှိ ကျောက်မီးသွေးရုံ သားငါးဈေးကို ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ (၁၄) ရက်ကြာ ယာယီပိတ်ခဲ့တယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရပါတယ်။