ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင်၂၀၂၀ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၄၁၂ကြိမ်ဖြစ်ပွားခဲ့၊ ငါးနှစ်တာအတွင်း ယာဉ်မတော်တဆမှု၊ လူသေဆုံးထိခိုက်မှု အနည်းဆုံးဖြစ်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းယာဉ်မတော်တဆမှုပေါင်း ၄၁၂ကြိမ်ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ၈၄ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၄၄၆ဦးသာရှိခဲ့ရာ၊ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ယာဉ်မတော်တဆမှု၊ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးနှစ် ဖြစ်ခဲ့တယ်လို့ နေပြည်တော်အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။