မြောက်ကိုရီးယား၏ ငါးနှစ်တာစီးပွားရေးစီမံချက် မအောင်မြင်ခဲ့ဟု အာဏာရ အလုပ်သမားပါတီညီလာခံတွင် ကင်ဂျုံအန်ပြောကြား

မြောက်ကိုရီးယား၏ ငါးနှစ်တာစီးပွားရေးစီမံချက် မအောင်မြင်ခဲ့ဟု အာဏာရ အလုပ်သမားပါတီညီလာခံတွင် ကင်ဂျုံအန်ပြောကြား
Published 7 January 2021

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ ညီလာခံကို ဇန်နဝါရီ ၅ ရက်နေ့က စတင်ကျင်းပခဲ့ပြီး အဲဒီညီလာခံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သူ့ရဲ့ငါးနှစ်တာ စီးပွားရေးစီမံချက်ဟာ ကဏ္ဍအားလုံးနီးပါးမှာ အထမြောက်အောင်မြင်ခဲ့ခြင်းမရှိကြောင်း ဝန်ခံပြောဆိုခဲ့တယ်လို့ သိရပါတယ်။