COVID-19 ကာကွယ်ဆေးဝယ်ယူရန် နိုင်ငံတော်မှ မတည်ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း ၂၅၀ နှင့် ကျပ် သန်း ၁၀၀၀ ထည့်သွင်းထား
COVID-19 ကာကွယ်ဆေးဝယ်ယူရန် နိုင်ငံတော်မှ မတည်ရန်ပုံငွေထူထောင်ထားပြီး အမေရိကန်ဒေါ်လာသန်း ၂၅၀ နဲ့ ကျပ် သန်း ၁၀၀၀ ထည့်သွင်းထားတယ်လို့ ဇန်နဝါရီလ ၅ ရက်နေ့က စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးက ထုတ်ပြန်ပါတယ်။