ဦးပိန်တံတားတွင် ယိုယွင်းမှုဖြစ်ပေါ်နေသော ကျွန်းတိုင် ၈ လုံးခန့်အား အစားထိုးလဲလှယ်ပြင်ဆင်မှုပြုလုပ်သွားမည်

ဦးပိန်တံတားတွင် ယိုယွင်းမှုဖြစ်ပေါ်နေသော ကျွန်းတိုင် ၈ လုံးခန့်အား အစားထိုးလဲလှယ်ပြင်ဆင်မှုပြုလုပ်သွားမည်
Published 6 January 2021

Covid-19 ကာလအတွင်း ခရီးသွားလာရောက်မှု ကန့်သတ်ပိတ်ပင်ထားတဲ့ မန္တလေး၊ အမရပူရမြို့နယ် တောင်သမန် အင်းမှာရှိတဲ့ ဦးပိန်တံတားက ယိုယွင်းပျက်စီးမှုဖြစ်ပေါ်နေပြီး တံတားဖြတ်သန်းအသုံးပြုပါက အန္တရာယ်ရှိတဲ့ ကျွန်းတိုင်လုံး ၈ လုံး ခန့်ကို အစားထိုးလဲလှယ်ပြင်ဆင်မှုပြုလုပ်သွားမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။