မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ကုန်တင်ကားများဝင်ရောက်မှု၌ မသမာသောနည်းများဖြင့် ငွေကြေးပေး၍ အလှည့်ကျော်ဝင်ရောက်မှုများရှိနေ
မူဆယ်မြို့နှစ်နိုင်ငံကုန်စည်ဝင်ထွက်မှုမန်းဝန်းဂိတ်ပေါက်မှာတာဝန်ရှိသူတွေကကြီးကြပ်ထိန်းသိမ်းမှုနဲ့ တရုတ်နိုင်ငံသို့ ကုန်ကားများတန်းစီစောင့်ဆိုင်းဝင်ထွက်ရပေမယ့် မသမာသောနည်းတွေနဲ့ ငွေကြေးပေးကာဝင်ထွက်မှုအချို့ရှိ ဆက်လက်ရှိနေပြီး၆ဘီးယာဉ်တစ်စီးကို၃သိန်းမှ၄သိန်းအထိပေးကာအလှည့်ကျော် ဝင်ရောက်နေတယ်လို့ သိရပါတယ်။