မဲစာရင်း မသမာမှု ဖြစ်နိုင်ခဲ့သည့် မြို့နယ် ၁၆ မြို့နယ်၏ မဲစာရင်း စိစစ်တွေ့ရှိချက်များကို တပ်မတော် ထုတ်ပြန်

မဲစာရင်း မသမာမှု ဖြစ်နိုင်ခဲ့သည့် မြို့နယ် ၁၆ မြို့နယ်၏ မဲစာရင်း စိစစ်တွေ့ရှိချက်များကို တပ်မတော် ထုတ်ပြန်
Published 5 January 2021

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲ မသမာမှုဖြစ်နိုင်ခဲ့တဲ့ မဲစာရင်းတွေနဲ့ ပတ်သက်ပြီး ၈ ကြိမ်မြောက်အဖြစ် မြို့နယ် ၁၆ မြို့ရဲ့ မဲစာရင်းစိစစ်တွေ့ရှိချက်တွေကို တပ်မတော်က ဇန်နဝါရီ ၄ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။