မွန်ပြည်နယ်အတွင်း COVID – 19 အတည်ပြုလူနာတွေ့ရှိမှု ကျဆင်းလာသော်လည်း ထိန်းချုပ်နိုင်သည့် အခြေအနေ မရှိသေး
မွန်ပြည်နယ်အတွင်း COVID – 19 အတည်ပြုလူနာတွေ့ရှိမှု အနည်းငယ်ကျဆင်းလာပေမယ့် ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ( စီမံ/ဘဏ္ဍာ) ဒေါက်တာဝတ်မှုံက ပြောပါတယ်။