ကျောက်မဲနှင့် သီပေါမြို့နယ်များအတွင်း RCSS နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှု အမြန်ဆုံးရပ်တန့်ရေးနှင့် စစ်ဘေးရှောင် ၁၀၀၀ ကျော် နေရပ်ပြန်နိုင်ရေး တောင်းဆို

ကျောက်မဲနှင့် သီပေါမြို့နယ်များအတွင်း RCSS နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှု အမြန်ဆုံးရပ်တန့်ရေးနှင့် စစ်ဘေးရှောင် ၁၀၀၀ ကျော် နေရပ်ပြန်နိုင်ရေး တောင်းဆို
Published 4 January 2021

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်တို့အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပေါ်နေမှုကို အမြန်ဆုံးရပ်တန့်ရေး ညှိနှိုင်းဆွေးနွေးကြဖို့နဲ့ စစ်ဘေးရှောင် ၁၀၀၀ ကျော် နေရပ်ပြန်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းတောင်းဆိုကြပါတယ်။