ဗိုင်းရပ်စ် ထိန်းချုပ်ရေး ကန့်သတ်ချက်များ ချမှတ်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများကို ထိုင်းအစိုးရ လုပ်ပိုင်ခွင့် အပ်နှင်း
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းအသစ် ဖြစ်ပေါ်နေချိန် ထိုင်းအစိုးရဟာ နိုင်ငံအနှံ့အပြား စီးပွားရေးလုပ်ငန်းတွေ ယာယီပိတ်ထားရမယ့်ဆိုတဲ့ ညွှန်ကြားချက်အသစ် ထုတ်ပြန်ရေးကို ဇန်နဝါရီ ၃ ရက်မှာ ဆိုင်းထားလိုက်ပေမယ့် ကန့်သတ်ချက်တွေ ချမှတ်ဖို့ပြည်နယ်အုပ်ချုပ်ရေးမှူးအချို့ကို လုပ်ပိုင်ခွင့် အပ်နှင်းလိုက်ပြီး ပြည်သူတွေ ခရီးမသွားဖို့ ပန်ကြားခဲ့ပါတယ်။