မူဆယ်မြို့နယ်စပ်ရှိ နှစ်နိုင်ငံ နယ်စပ်ပေါက် မန်းဝိန်းဂိတ်အား ၁၀ ရက်ကြာ ၂၄ နာရီ ယာယီ ကုန်စည်ဖြတ်သန်းခွင့် ပြုမည်
COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း တစ်နှစ်နီးပါးကြာ၌ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ရှိ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် မန်းဝိန်းဂိတ်အား တရုတ်နိုင်ငံက ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များအား ဇန်နဝါရီ ၅ ရက်မှ ၁၄ ရက်အထိ ၁၀ ရက်ကြာ ၂၄ နာရီ ယာယီ ကုန်စည်ဖြတ်သန်းခွင့် ပြုမည်ဖြစ်တယ်လို့ သိရပါတယ်၊