၂၀၂၀ ခုနှစ်အတွင်းဖားကန့်မြို့နယ်၌ မြေပြိုကျမှု (၃၅) ကြိမ်အထိရှိခဲ့ပြီးသေဆုံးခဲ့သူဦးရေ (၂၀၆) ဦးရှိ
ကချင်ပြည်နယ် မိုးညှင်းခရိုင်ဖားကန့်မြို့နယ်လုံးခင်း-ဖားကန့် ကျောက်စိမ်းရတနာမှော်နယ်မြေအတွင်းမှာ ၂၀၂၀ ခုနှစ်အတွင်းမြေပြိုကျမှု (၃၅) ကြိမ်အထိရှိခဲ့ပြီးဒဏ်ရာအပြင်းအထန်ရရှိခဲ့မှုကြောင့် ဆေးရုံတက်ကုသခဲ့ရသည့် လူဦးရေ (၇၁) ယောက်နဲ့ သေဆုံးခဲ့သူ ( ၂၀၆) ယောက်အထိရှိခဲ့တယ်လို့ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရပါတယ်။