အိန္ဒိယက AstraZeneca ကိုဗစ်ကာကွယ်ဆေးကိုအသုံးပြုခွင့်ပေး

အိန္ဒိယက AstraZeneca ကိုဗစ်ကာကွယ်ဆေးကိုအသုံးပြုခွင့်ပေး
Published 2 January 2021

ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca နဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်တို့ပူးပေါင်းထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို နိုင်ငံရဲ့ပထမဆုံးကိုဗစ်ကာကွယ်ဆေးအနေနဲ့ အိန္ဒိယဆေးဝါးကွပ်ကဲရေးဌာနကဇန်နဝါရီလ ၁ ရက်မှာအရေးပေါ်အသုံးပြုခွင့် ထောက်ခံချက်ပေးလိုက်ပြီလို့ ဒီဖြစ်စဉ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တချို့က ပြောပါတယ်။