ကိုဗစ်အတည်ပြုလူနာသစ် ၄၁၂ ဦးနှင့် သေဆုံးသူ ၁၅ ဦး ထပ်တိုးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂၆၉၇ ဦးရှိလာ
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် ၄၁၂ ဦးနဲ့ သေဆုံးသူ ၁၅ ဦးထပ်တိုးခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၁ ရက်နေ့ ည(၈)နာရီအချိန် သတင်းထုတ်ပြန်မှုအရ သိရပါတယ်။