ကိုဗစ်အလွန်ကာလတွင် ပြည်သူများ၏ လူမှုစီးပွားအပေါ်သက်ရောက်မှုလျော့ပါးစေရန် စီးပွားရေးကုစားမှုအစီအစဉ်များ အကောင်အထည်ဖော်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
ကိုဗစ်အလွန်ကာလမှာ ပြည်သူတွေရဲ့ လူမှုစီးပွားအပေါ်သက်ရောက်မှုလျော့ပါးစေဖို့ စီးပွားရေးကုစားမှုအစီအစဉ်တွေပါဝင်တဲ့စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။