မူဆယ် ကျန်စန်းကျော့ဂိတ်တွင် မြန်မာနိုင်ငံသား ယာဉ်မောင်း ၄၁ ဦးကို တရုတ်ဘက်မှ COVID-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့
မူဆယ် ကျန်စန်းကျော့ရှိ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံသား အစားထိုးယာဉ်မောင်း ၄၁ ဦးကို ပထမအသုတ် အဖြစ် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရှိရပြီး တရုတ်နိုင်ငံရွှေလီမြို့မှာ လူဦးရေ ၂၂၀၀ ကျော်ထိုးနှံပေးခဲ့ကြောင်း သိရပါတယ်။