နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ဆက်ရှိခြင်း၊ မရှိခြင်းကို နိုင်ငံ့အကြီးအကဲပိုင်းက ဆုံးဖြတ်မည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ဆက်ရှိခြင်း၊ မရှိခြင်းကို နိုင်ငံ့အကြီးအကဲပိုင်းက ဆုံးဖြတ်မှာ ဖြစ်ပြီးအတိုင်ပင်ခံပုဂ္ဂိုလ်ရှိနေတဲ့အတွက် အောင်မြင်ခြင်းတွေသာရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကဒီဇင်ဘာ ၂၉ ရက် နေပြည်တော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ)မှာကျင်းပတဲ့NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းဖြေကြားခဲ့ပါတယ်။