ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုအတွင်း (RCSS/SSA) နှင့် (PSLF/TNLA) တို့အကြား တပ်အင်အား ဖြည့်တင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေးနေရ
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့ လွယ်အံကျေးရွာအုပ်စု ကောင်းခါးကျေးရွာနဲ့ ပန်မခမ်းကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၇ ရက် နေ့လည်ပိုင်းမှ စတင်ကာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အကြား တပ်များ အင်အားဖြည့်တင်းနေပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားမှာကို ကြောက်လန့်မှုကြောင့် စစ်ဘေးရှောင်ဦးရေ ၆၀ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။