စစ်ကိုင်းမြို့ တကောင်းရပ်ကွက်က စင်္ကြန်ချောင်းနှင့် ပုဏ္ဍာအင်းဧရိယာရှိ ကျူးကျော်နေအိမ်များကို ဒီဇင်ဘာလကုန်တွင် ဖယ်ရှားမည်
စစ်ကိုင်းမြို့ရှိ တကောင်းရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိတဲ့ စင်္ကြန်ချောင်းဘေးက မီးသတ်ကားဝင်ထွက်နိုင်တဲ့ ၁၂ ပေ အကျယ် ကွန်ကရစ်လမ်းဖောက်လုပ်ဖို့ ဆောင်ရွက်လျက်ရှိပြီး လက်ရှိမှာ ချောင်းမြေပေါ်သို့ ကျူးကျော်နေသည့်နေအိမ်တွေ ကို ဒီဇင်ဘာလကုန်မှာ ဖယ်ရှားရှင်းလင်းသွားမယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။