မိတ္ထီလာမြို့၊ရုပ်ရှင်ရုံလမ်းတွင် လမ်းဘေးရပ်ထားသောကားများကို မှန်ရိုက်ခွဲ၊ထွက်ပြေးသည့် လူငယ်အချို့မှ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ 

မိတ္ထီလာမြို့၊ရုပ်ရှင်ရုံလမ်းတွင် လမ်းဘေးရပ်ထားသောကားများကို မှန်ရိုက်ခွဲ၊ထွက်ပြေးသည့် လူငယ်အချို့မှ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ 
Published 27 December 2020

 

ဒီဇင်ဘာ(၂၄)ရက်ညပိုင်းကမိတ္ထီလာမြို့၊မြို့လယ်ခေါင်၊မြို့မလေးရပ်ကွက်၊ရုပ်ရှင်ရုံလမ်းဘေးမှာ ရပ်တန့်ထားတဲ့ ကားသုံးစီးကို သံချွန်ဖြင့်ခြစ်သလို တုတ်ဖြင့်မှန်ရိုက်ခွဲကာ ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့တဲ့ လူငယ်လေးဦးအနက် တစ်ဦးကို  ရပ်ကွက်နေသူတွေ လိုက်လံဖမ်းဆီးရာမှ ဖမ်းမိနိုင်ခဲ့တယ်လို့သိရပါတယ်။