မန္တလေးခရိုင်အတွင်း Stay at Home ဆောင်ရွက်ခဲ့သဖြင့် COVID-19 ရောဂါဖြစ်နှုန်း လျော့ကျလာဟု တိုင်းဒေသကြီးအစိုးရမှထုတ်ပြန်
မန္တလေးခရိုင်အတွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ Stay At Home ဆောင်ရွက်ခဲ့ခြင်းကြောင့် Covid-19 ပိုးကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျခဲ့ပြီး လက်ရှိမှာ တစ်ရက်အတွင်း Covid-19 ပိုးတွေ့ဦးရေဟာလည်းလျော့နည်းလာပြီဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရမှ ထုတ်ပြန်သည့် မန္တလေးခရိုင်အတွင်း Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူသို့တင်ပြချက်မှာ ဖော်ပြပါရှိပါတယ်။