UEC လုပ်ဆောင်ချက်များ ရွေးကောက်ပွဲဆိုင်ရာစံ ၅ ချက်နှင့် ကိုက်ညီမှုမရှိဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဝန်းရံသူများ မုဒုံမြို့နယ်တွင် ဆန္ဒထုတ်ဖော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့လုပ်ဆောင်ချက်တွေဟာ ရွေးကောက်ပွဲဆိုင်ရာစံ(၅)ချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့၊မနက် ၇ နာရီခွဲအချိန်က မုဒုံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးဝင်းအတွင်းမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ဝန်းရံသူတွေက ဆန္ဒဖေါ်ထုတ်ခဲ့ပါတယ်။