COVID-19 ကပ်ရောဂါကြောင့် ငါးဈေးထက်ဝက်ခန့်ကျသဖြင့် တွက်ခြေမကိုက်၍ မော်လမြိုင်သံလွင်မြစ်တွင်း လာရောက်ငါး ဖမ်းသည့် ငါးဖမ်းသမားများ ၄ လစောကာ လုပ်ငန်းများပြန်သိမ်း 

COVID-19 ကပ်ရောဂါကြောင့် ငါးဈေးထက်ဝက်ခန့်ကျသဖြင့် တွက်ခြေမကိုက်၍ မော်လမြိုင်သံလွင်မြစ်တွင်း လာရောက်ငါး ဖမ်းသည့် ငါးဖမ်းသမားများ ၄ လစောကာ လုပ်ငန်းများပြန်သိမ်း 
Published 25 December 2020

မွန်ပြည်နယ်၊ မော်လမြိုင်သံလွင်မြစ်တွင်း နှစ်စဉ်ဝါခေါင်လတွင် လာရောက်ငါးဖမ်းသည့် စစ်တောင်းဒေသခံငါးဖမ်းသမား ၁၀၀ခန့် သည် COVID-19 ကပ်ရောဂါကြောင့် ငါးဈေးထက်ဝက်ကျဆင်းလျက်ရှိရာ တွက်ခြေမကိုက်ဖြစ်နေကြောင်းနှင့် ပုံမှန်ဆိုရင် တန်ခူးလမှနေရပ်သို့ပြန်လေ့ရှိပေမယ့်လည်း ယခုနှစ်မှာ ၄-လစောပြီး နတ်တော်လတွင် လုပ်ငန်းပြန်သိမ်း ကြမည်ဖြစ်ကြောင်း ရေလုပ်သားတွေထံကသိရပါတယ်။