Myanmar Liang Yida အထည်ချုပ်စက်ရုံ မှ အလုပ်သမား ၃၀၀ ကျော်ကို အလုပ်ထုတ် လိုက်ခြင်းကြောင့် စက်ရုံရှေ့တွင် လူစုလူဝေးဖြစ်ပေါ်
လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ Myanmar Liang Yida အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ထားသည့် အလုပ်သမား ၃၀၀ ကျော်ကို အလုပ်ထုတ်လိုက်ခြင်းကြောင့် စက်ရုံရှေ့မှာဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက လူစုလူဝေးဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်