လူကုန်ကူးခံရပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့သို့ ရောက်ရှိလာသည့် ဗီယက်နမ်နိုင်ငံသူ လေးဦးကို သံရုံးချင်း ချိတ်ဆက်ကာ ဗီယက်နမ်နိုင်ငံသို့ ပို့ဆောင်သွားမည်
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့သို့ လူကုန်ကူးခံရပြီး ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံသူ လေးဦး လားရှိုးမြို့သို့ ရောက်ရှိပြီး သံရုံးချိတ်ဆက်မှုများဖြင့် လေကြောင်းခရီးစဉ်ရှိသည့် နေ့ရက်များမှာ ပြန်လည် ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။