ပုသိမ်မြို့တွင် COVID-19 ပိုးတွေ့သူများပြားသဖြင့် Plan D အဖြစ်ကြိုတင်ပြင်ဆင်ထားသည့် ကိုးသိန်းအားကစားကွင်းရှိယာယီဆေးရုံကိုစတင်ဖွင့်လှစ်
ပုသိမ်မြို့မှာ COVID-19 ရောဂါပိုးတွေ့လူနာများ ပိုမိုများပြားလာတဲ့အတွက် ပုသိမ်ဆေးရုံကြီးနဲ့ တိုင်းရင်းဆေးရုံကြီးတို့မှာ ပြင်ဆင်ထားတဲ့ လူကုတင်အရေအတွက်ပါ မလုံလောက်တော့တာကြောင့် Plan D အဖြစ် ကြိုတင်ပြင်ဆင်ထားခဲ့တဲ့ ကိုးသိန်းအားကစားကွင်းရှိယာယီဆေးရုံကိုပါ စတင်ဖွင့်လှစ်နေရပြီဖြစ်တယ်လို့ သိရပါတယ်။