မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူးနှင့် ဒုဦးစီးမှူးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး
မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦးနဲ့ဒုဦးစီးမှူး ဒေါ်သန္တာဆင့်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ မကွေးမြို့မရဲစခန်းမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က နေပြည်တော်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဦးစီးမှူး ဦးကျော်ကျော်က အမှုဖွင့်ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တယ်လို့ မြို့မစခန်းမှူး ဒုရဲမှူး စိန်အောင်ထံက သိရပါတယ်။